အပျောက်လျှောက်ရန်

မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးသဖြင့် အသစ်လျှောက်ထားခြင်း


ပြည်တွင်းပျောက် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအနေဖြင့် သတင်းစာကြော်ငြာ၌ ထည့်သွင်းပြီးနောက် ဒဏ်ကြေး (၄၀,၀၀၀) ကျပ် ၊ စာအုပ်အသစ်အတွက် (၂၅,၀၀၀ )ကျပ် ၊ စုစုပေါင်း ( ၆၅,၀၀၀ )ကျပ်အား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပေးဆောင်စေ၍ ပြန်လည်လျှောက်ထားနိုင်ပါသည်။

ပြည်ပတွင် မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံး/ပျက်စီးခဲ့သူများ ၊ တရားမဝင်လမ်းကြောင်းမှ ပြန်လည်ဝင်ရောက်လာသူများမှ အသစ်ပြန်လည်လျှောက်ထားခြင်း


ပြည်ပတွင် မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံး/ပျက်စီး၍လည်းကောင်း ၊ အခြားအကြောင်း အမျိုးမျိုးကြောင့်လည်းကောင်း မြန်မာနိုင်ငံသို့ C of I , Special Pass ဖြင့် ပြန်လည် ဝင်ရောက် လာသူများ အနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ပြန်လည် လျှောက်ထားပါက ဒဏ်ကြေး အမေရိကန်ဒေါ်လာ(၇၅) နှင့် ညီမျှသော မြန်မာကျပ်ငွေအား နေ့စဉ်ဖြစ်ပေါ်လျက်ရှိသော ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲနှုန်းအတိုင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပေးဆောင်စေ၍လည်းကောင်း ၊ C of I , Special Pass မိတ္တူနှင့် ပြည်ပပျောက်ဒဏ်ကြေး ပေးဆောင်၍ လျှောက်ထားနိုင်ပါသည်။ပြည်တွင်းပျောက် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအနေဖြင့် သတင်းစာကြော်ငြာ၌ ထည့်သွင်းပြီးနောက် ဒဏ်ကြေး (၄၀,၀၀၀) ကျပ် ၊ စာအုပ်အသစ်အတွက် (၂၅,၀၀၀ )ကျပ် ၊ စုစုပေါင်း ( ၆၅,၀၀၀ )ကျပ်အား မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပေးဆောင်စေ၍ ပြန်လည်လျှောက်ထားနိုင်ပါသည်။


ပြည်ပ၌ မြန်မာနိုင်ငံကူးလက်မှတ်ပျောက်ဆုံး၍ တရားမဝင်လမ်းကြောင်းမှ ပြန်လာသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် ပြန်လည်လျှောက်ထားရာတွင် ၎င်းနေထိုင်ရာ ရပ်ကွက် ၊ ရဲစခန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ထောက်ခံချက်များဖြင့် လဝကမှ တရားစွဲတင်ပို့ပြီး တရားရုံး ပြီးပြတ်ချက်ရရှိသည့် အခါမှ ပြည်ပပျောက်ဒဏ်ကြေး အမေရိကန်ဒေါ်လာ(၇၅) နှင့် ညီမျှသော မြန်မာကျပ်ငွေအား နေ့စဉ်ဖြစ်ပေါ်လျက်ရှိသေး ဗဟိုဘဏ်မှ သတ်မှတ်ထားသည့် ငွေလဲနှုန်းအတိုင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံးရှိ မြန်မာစီးပွားရေးဘဏ်ခွဲ၌ ပေးဆောင်စေ၍ လျှောက်ထားထုတ်ယူနိုင်ပါသည်။

အသိပေးစာ