လိုအပ်သည့် အထောက်အထားများ
- လျှောက်ထားသူအားလုံး ပါရှိရမည့်အချက်များ
- နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း) နှင့် မိတ္တူ(၂)စုံ၊
- အိမ်ထောင်စုစာရင်း (မူရင်း)နှင့် မိတ္တူ(၂)စုံ၊
- အသက်(၁၀)နှစ်အောက်ဖြစ်လျှင် မွေးစာရင် (မူရင်း) နှင့် မိတ္တူ(၂)စုံ၊
- သင်္ဘောသားများ
- ပြည်တွင်းရေကြောင်းမှ အခြေခံပင်လယ်ပြင် အသက်အန္တရာယ် လုံခြုံမှုသင်တန်းဆေးလက်မှတ်မူရင်း နှင့် မိတ္တူ (၂)စုံ၊၊
- သက်တမ်းတိုးပါက မြန်မာနိုင်ငံကူးလက်မှတ် စာအုပ်ဟောင်း၊သင်္ဘောသားလုပ်သက်မှတ်တမ်း (CDC)စာအုပ် မူရင်း နှင့် မိတ္တူ(၂)စုံ၊
- စီးပွားရေးမနလလျှောက်ထားသူများ
- ကုမ္ပဏီမှတ်ပုံတင်မူရင်းနှင့် မိတ္တူ(၁)စုံ၊
- ပုံစံ(၆/၂၆)မူရင်းနှင့် မိတ္တူ(၁)စုံ၊၊
- ကျောင်း/သင်တန်းများတက်ရောက်လိုလျှင်
သက်ဆိုင်ရာကျောင်း၏ ခေါ်စာရင်းနှင့် မိတ္တူ(၁)စုံ၊
- ပြည်ပအလုပ်အကိုင်အတွက်လျှောက်ထားသူများ
- အလုပ်သမားများ၏ ပြည်ပအလုပ်သမား မှတ်ပုံတင်ကတ်ပြား အလလခ(ပုံစံ-၂)
- မှီခိုလျှောက်ထားသူများ
- နိုင်ငံခြားသားမှီခို ဖြစ်ပါက အပြန်လေယာဉ်စရိတ်ပေးသွင်းပြီးကြောင်း ထောက်ခံစာ၊၊
- လက်ထပ်စာချုပ်ကဲ့သို့သော အထောက်အထားများ၊
- ရဟန်းသံဃာများ၊ သီလရှင်များ
- သာသနာဝင်ကတ်ပြား မူရင်းနှင့် မိတ္တူ(၂)စုံ၊
- မြို့နယ်သံဃနာယကအဖွဲ့၏ ထောက်ခံချက်မူရင်းနှင့်မိတ္တူ(၁)စုံ၊
- အရေးပေါ်သွားရောက်လိုသူများ
- ဆေးစာမှတ်တမ်းများ(မူရင်း)နှင့် မိတ္တူ (၁)စုံ၊
- သက်ဆိုင်ရာဆရာဝန်ကြီး၏ ထောက်ခံစာမူရင်းနှင့် မိတ္တူ(၁)စုံ၊
- ဝန်ထမ်းများ
- သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြည်ပတွင်ခံစားခွင့်မူရင်းနှင့် မိတ္တူ(၁)စုံ၊
- တပ်မတော်သား မိသားစုဝင်များ
- ကက (ကြည်း)၏ ထောက်ခံချက်မူရင်းနှင့် မိတ္တူ (၁)စုံ၊
- ပြစ်ဒဏ်ကျခံဖူးသူများ
- ထောင်ထွက်လက်မှတ် မူရင်းနှင့် မိတ္တူ (၁)စုံ၊
နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင်ဆောင်ရွက်ရမည့်အချက်များ
- နိုင်ငံကူးလက်မှတ်လျှောက်ထားမည့်သူ ကိုယ်တိုင်မှတ်ပုံတင် (မူရင်းနှင့်မိတ္တူ ၂စောင်) ၊ အိမ်ထောင်စုစာရင်း(မူရင်းနှင့်မိတ္တူ ၂စောင်)/သက်တမ်းတိုးမည့်သူများ စာအုပ် (မူရင်းနှင့်မိတ္တူ ၂စောင်)ယူဆောင်လာရပါမည်။
- နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် ရှိသည့် လဝက ကောင်တာ၌ မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်း တို့ဖြင့် နိုင်ငံသားစိစစ်မှု ခံယူခြင်း ၊ လက်ဗွေနှိပ်ခြင်း ၊ Webcam ဖြင့်မှတ်တမ်းဓာတ်ပုံရယူခြင်းများ ဆောင်ရွက်ရပါမည်။
- နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင်ရှိသည့်မြန်မာ့စီးပွားရေးဘဏ်တွင်စာအုပ်ဖိုးငွေ ၂၅၀၀၀ကျပ် ပေးသွင်းရပါမည်။
- လဝက ကောင်တာ၌ စိစစ်ပြီးသည့် မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်း ၊ ဘဏ်သွင်းချလံ ၊ ကိုယ်ရေးအချက်အလက်လျှောက်လွှာပုံစံတို့နှင့်အတူကိုယ်ရေးအချက်အလက်ရေးသွင်းကောင်တာ၌ လက်ဗွေနှိပ်ခြင်း ၊ မျက်ဝန်း scan ဖတ်ခြင်း ၊ လက်မှတ်ထိုးခြင်း ၊ ဓာတ်ပုံရိုက်ခြင်းများဆောင်ရွက်ရပါမည်။
- ကိုယ်ရေးနောက်ကြောင်း စိစစ်မှု ကင်းရှင်းသူများအနေဖြင့် မြန်မာနိုင်ငံကူးလက်မှတ် စတင်လျှောက်ထားသည့်နေ့မှ စ၍ (၁၀)ရက်ပြည့်သည့်နေ့တွင် စာအုပ်ထုတ်ယူနိုင်ပြီး ရုံးပိတ်ရက်ဖြစ်ပါက အနီးစပ်ဆုံးရုံးပြန်ဖွင့်မည့်ရက်တွင် စာအုပ်ထုတ်ယူနိုင်ပါသည်။
- မြန်မာနိုင်ငံကူးလက်မှတ် လာရောက်ထုတ်ယူလိုပါက ကာယကံရှင် (သို့) လျှောက်ထားသူ ၏ အိမ်ထောင်စုစာရင်း၌ ပါဝင်သည့်ကိုယ်စားလှယ်သည် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ ထုတ်ပေးသည့်စလစ် (မူရင်း) ၊ မှတ်ပုံတင် (မူရင်း) ၊ အိမ်ထောင်စုစာရင်း (မူရင်း) တို့နှင့် အတူ ထုတ်ယူရပါမည်။
- အကူအညီ ဆောင်ရွက်ပေးသူများ ၊ အကျိုးဆောင်များ မလိုအပ်ပါ။
စည်းမျဉ်းစည်းကမ်းများ
လိုအပ်စာရွက်စာတမ်းစာရင်း (PDF များ)
- မြန်မာနိုင်ငံကူးလက်မှတ် အသစ်ပြောင်းလဲကိုင်ဆောင်ခွင့်ပြုပါရန်လျှောက်ထားခြင်း
- မြန်မာနိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွား၍ အသစ်ကိုင်ဆောင်ခွင့်ပြုပါရန်လျှောက်ထားခြင်း
- နိုင်ငံကူးလတ်မှတ်လုပ်ရန် ဆောင်ရွက်ပုံ လုပ်ငန်းစဉ်များ
- နိုင်ငံကူးလတ်မှတ်သက်တမ်းတိုးရန် ဆောင်ရွက်ပုံ လုပ်ငန်းစဉ်များ
- ရက်ချိန်းရယူရန် ဆောင်ရွက်ပုံ လုပ်ငန်းစဉ်များ
- မွေးဖွားပြီးကလေးအားမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးပါရန်လျှောက်ထားခြင်း
- ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံကူးလက်မှတ်အသစ်ပြုရန်ခွင့်ပြုချက်ရရှိပြီးသည့် မွေးဖွားပြီးကလေးများ၏နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း