SME မူဝါဒ မျှော်မှန်းချက်

ကဏ္ဍအသီးသီးရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဒေသတွင်း စီးပွားရေး ကွန်ရက်အတွင်း၌ တီထွင်ဆန်းသစ်မှုနှင့် ယှဉ်ပြိုင်နိုင်မှု စွမ်းရည်ကောင်းများ မြင့်မားလာပြီး နိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားရေးနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဦးဆောင်သွားနိုင်ရန်။



အဆင့်(၁)

မှတ်ပုံတင်ရန်လျှောက်ထားခြင်းအောက်မှ မှတ်ပုံတင်လျှောက်ထားရန်ကို Click နှိပ်ရန်၊

အဆင့်(၂)

သုံးစွဲသူအမည်/ လျှို့ဝှက် Code ဖြင့် ဝင်၍ အကောင့်အသစ်ဖွင့်ရန်ကို Click နှိပ်၍ သုံးစွဲသူ၏ email ဖြင့် ဝင်၍ Account အားမှတ်ပုံတင်ရန်၊

အဆင့်(၃)

Account အသစ်ဖွင့်ထားသည့် သုံးစွဲသူအမည်၊ လျှို့ဝှက် Code ဖြင့်ဝင်၍ မှတ်ပုံတင်လျှောက်ထားရန် "ဝင်ရန်" ကို Click နှိပ်ပါ၊

အဆင့်(၄)

လျှောက်ထားလိုသည့် လုပ်ငန်းကဏ္ဍအား ရွေးချယ်ရန်၊

အဆင့်(၅)

SME အဓိပ္ပါယ်သတ်မှတ်ချက်အားဦးစွာဖတ်၍ လုပ်ငန်းအရွယ်အစားအား ခွဲခြား၍ "Click" နှိပ်ရန်၊

အဆင့်(၆)

Passport Size ဓါတ်ပုံ(နောက်ခံအပြာရောင်ဖြင့်) အား Upload ပြုလုပ်ရန်၊

အဆင့်(၇)

ဖော်ပြထားသည့်အဆင့်အလိုက် အချက်အလက်များဖြည့်သွင်း၍ အဆင့်တိုင်းတွင် Click နှိပ်ရန်ဟု ဖော်ပြထားသည့်အတိုင်း ဆောင်ရွက်ရန်၊

အဆင့်(၈)

ပူးတွဲအချက်အလက်များဟု ဖော်ပြထားသည့် နေရာတွင် ပူးတွဲအထောက်အထားများ အနေဖြင့် သက်ဆိုင်ရာဌာနမှ ရယူထားသည့် လိုင်စင်(သို့မဟုတ်) ပါမစ်(သို့မဟုတ်) ထောက်ခံချက်၊ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူများကို Upload ပြုလုပ်ရန်၊

အဆင့်(၉)

အချက်အလက်များဖြည့်စွက်ရာတွင် ဖြည့်စွက်ရန်မရှိသည့်နေရာများတွင် (-) ဖြင့် ဖော်ပြရန်၊

အဆင့်(၁၀)

အချက်အလက်များအားလုံးပြည့်စုံစွာဖြည့်သွင်းပြီးပါက "ပေးပို့မည်" ကို နှိပ်ရန်။


သမိုင်းအကျဉ်း

၁။   နိုင်ငံစီးပွားရေး၏ အဓိကအသက်သွေးကြောဖြစ်သော SMEs များအား ကူညီထောက်ပံ့အားပေးခြင်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားသည့် အောင်မြင်သော အသေးစားအလတ်စားလုပ်ငန်းများ ဖြစ်ပေါ်လာစေရန် နှင့် အသေးစားအလတ်စားလုပ်ငန်းများမှ အကြီးစားလုပ်ငန်းများသို့ ကူးပြောင်းချဲ့ထွင် လာနိုင်စေရန် ထောက်ပံ့ကူညီအားပေးခြင်းဖြင့် နိုင်ငံတော်၏ အနာဂတ်ရေရှည် စီးပွားရေးကို ခိုင်မာစေရန်ရည်ရွယ်၍ (၂၉.၃.၂၀၁၂)ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၁၂)၏ခွင့်ပြုချက်အရ (၄.၄.၂၀၁၂) ရက်နေ့တွင် အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာနကို တည်ထောင်ခဲ့ပြီး စက်မှုဇုန် ဖွံ့ဖြိုးရေး/နည်းပညာတိုးတက်ရေးဌာန၊ ပြည်ပဆိုင်ရာလုပ်ငန်းဌာန၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဌာနဟူ၍ ဌာန(၃)ခုဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။
၂။   အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဌာနကို (၁.၄.၂၀၁၄) ရက်နေ့တွင် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ဖွဲ့စည်းပုံအတွင်းသို့ သွတ်သွင်းဖွဲ့စည်းခဲ့ပြီး မူဝါဒနှင့်ပြည်ပရေးရာဌာန၊ နည်းပညာနှင့်စျေးကွက်မြှင့်တင်ရေးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်လုပ်ငန်းညှိနှိုင်းရေးဌာနဟူ၍ ဌာန(၃) ခုဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။
၃။   အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကို (၂၄. ၁၂. ၂၀၁၅) ရက်နေ့တွင်လည်းကောင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကို (၉.၄.၂၀၁၅) ရက်နေ့တွင်လည်းကောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နည်းဥပဒေကို(၁၃. ၁၀ ၂၀၁၆) ရက်နေ့တွင် လည်းကောင်း ပြဌာန်းခဲ့ပါသည်။
၄။   အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီကို (၇. ၆. ၂၀၁၆) ရက်နေ့တွင်လည်းကောင်း၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီကို (၂၉. ၁၁. ၂၀၁၇)ရက်နေ့တွင်လည်းကောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့နှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီတို့ကို (၂.၁.၂၀၁၈)ရက်နေ့တွင်လည်းကောင်း ဖွဲ့စည်း၍ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
၅။   form အတွက် လိုအပ်သော အချက်များ ဖြည့်ပေးပြီးပါက QR code ကို မြင်တွေ့ရမည် ဖြစ်ပြီး ထို QR code အား download လုပ်ပြီး ရုံးသို့ယူဆောင်လာပေးရန် လိုအပ်ပါသည်။