MSME Development Training: MSME များလုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအတွက် ပဏာမခြေလှမ်း Online Workshop
- မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီပွားရေးလုပ်ငန်းရှင်များအသင်း (MSMEAM) မှ ဦးစီးကျင်းပသော "MSME များ လုပ်ငန်းစွမ်းရည်မြှင့်တင်ရေးအတွက် ပဏာမခြေလှမ်း" Online Workshop အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက် (တနင်္လာနေ့)၊ ည (၈) နာရီမှ (၁၀) နာရီအထိ စီစဉ်ကျင်းပပြီး အသင်းဥက္ကဌ ဦးအေးထွန်းမှ အဖွင့်အမှာစကားပြောကြား၍ အသင်းအတွင်းရေးမှူး ဦးစိုးဟိန်းမှ ကျေးဇူးတင်နိဂုံးချုပ်စကားများပြောကြားပေးခဲ့ပါသည်။
- Online Workshop သို့ MSMEAM အသင်း၏ဥက္ကဌ၊ ဒု-ဥက္ကဌများ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်ဒါရိုက်တာများတတ်ရောက်ပေးခဲ့ပြီး MSME နယ်ပယ်အသီးသီးမှ စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၁၀၀) ဦးတက်ရောက်ခဲ့ကြပါသည်။
- Online Workshop တွင် Management by Objective: 5 Types of Business Owners, Lack of Management အပိုင်းအား ပြောကြားပေးခဲ့ပါသည်။
Tags: