Basic Training for Awareness of Food Additives (အစားအသောက်ဖြည့်စွက်ပစ္စည်းများအတွက် အခြေခံသိမှတ်ဖွယ်ရာသင်တန်း)

Basic Training for Awareness of Food Additives (အစားအသောက်ဖြည့်စွက်ပစ္စည်းများအတွက် အခြေခံသိမှတ်ဖွယ်ရာသင်တန်း)

MFPEA မှ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်ဖြည့်စွက်ပစ္စည်းများကို အသုံးပြု၍ ကျန်းမာရေးအတွက် လုံခြုံမှုရှိပြီး အဟာရပြည့်ဝသော အရည်အသွေးမီ စားသောက်ကုန်များထုတ်လုပ်နိုင်ရန်အတွက် ရည်ရွယ်ပြီး “Basic Training for Awareness of Food Additives”
(အစားအသောက်ဖြည့်စွက်ပစ္စည်းများအတွက် အခြေခံ သိမှတ်ဖွယ်ရာသင်တန်း) ကို ၂၀၂၃ခုနှစ်၊ ဖေဖေါ်ဝါရီလ ( ၂၅ ) ရက်နေ့တွင် Online စနစ်ဖြင့်ဖွင့်လှစ်သွားပါမယ်….
📚သင်ကြားမည့်သင်ခန်းစာများက-
🔸အစားအသောက်ဖြည့်စွက်ပစ္စည်းများ၏ အဓိပ္ပါယ်သတ်မှတ်ချက်
🔸အစားအသောက်ဖြည့်စွက်ပစ္စည်းများသုံးရခြင်း၏ ရည်ရွယ်ချက် နှင့် အစားအသောက်ဖြည့်စွက်ပစ္စည်း များ၏အဓိကလုပ်ငန်းများ
🔸အစားအသောက်ဖြည့်စွက်ပစ္စည်းအချို့၏ ဆိုးကျိုးသက်ရောက်မှုများ
🔸အစားအသောက်ဖြည့်စွက်ပစ္စည်းများ၏ အဓိကအုပ်စုများ
🔸အစားအသောက်ဖြည့်စွက်ပစ္စည်းများ၏အမျိုးအစားများနှင့်၄င်းတို့၏တိကျသောအသေးစိတ်လုပ်ငန်း တာဝန်များ
🔸အစားအသောက်ဖြည့်စွက်ပစ္စည်းများအသုံးပြုရန်အတွက်စည်းမျဉ်းများ
🔸အစားအသောက်ဖြည့်စွက်ပစ္စည်းများအားအများဆုံးသုံးစွဲနိုင်သည့်ခွင့်ပြုပမာဏ
🔸အစားအသောက်ဖြည့်စွက်ပစ္စည်းများကို Website များတွင်ရှာဖွေပုံအဆင့်ဆင့်
🔸အစားအသောက်ဖြည့်စွက်ပစ္စည်းများအတွက် နိုင်ငံတကာသုံး နံပါတ်စဉ်တပ်ခြင်းစနစ်
🔸အစားအသောက်ဖြည့်စွက်ပစ္စည်းများအတွက် အညွှန်းတံဆိပ်တပ်ခြင်း
❇️သင်တန်းကို ဘယ်သူတွေတက်သင့်သလဲ?
🔹စားသောက်ကုန်လုပ်ငန်းရှင်များ
🔹စားသောက်ကုန်လုပ်ငန်းများတွင်လုပ်ကိုင်နေသော ဝန်ထမ်းများ
🔹စားသောက်ကုန်ရောင်းချသူများ
🔹စားသောက်ကုန်ထုတ်လုပ်မှုနှင့် နှီးနွယ်သော ကုန်ကြမ်းဓာတုပစ္စည်းရောင်းချသူများ
🔹စားသောက်ကုန်လုပ်ငန်းကိုစိတ်ဝင်စားသူများ
✅သင်တန်းမှရရှိမည့်အကျိုးကျေးဇူးများက-
🔺စားသောက်ကုန်ထုတ်လုပ်မှုတွင်အဓိကကျသောအစားအသောက်ဖြည့်စွက်ပစ္စည်းများအတွက် ဗဟုသုတများ ရလာခြင်း
🔺စားသောက်ကုန်ထုတ်လုပ်မှုတွင် ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်ဖြည့်စွက်ပစ္စည်းများကို ရွေးချယ်အသုံးပြုတတ်လာခြင်း
🔺ကျန်းမာရေးအတွက်လုံခြုံမှုရှိပြီး၊ အဟာရပြည့်ဝသောအရည်အသွေးမီစားသောက်ကုန်များ ထုတ်လုပ်နိုင် လာခြင်း
♦️သင်တန်း နေ့ရက်၊ အချိန်၊ သင်ကြားမည့်ပုံစံတွေက?
📆သင်တန်းနေ့ရက် : ၂၅-၂-၂၀၂၃ ရက်နေ့
🕑သင်တန်းအချိန် : နေ့လည် ၁:ဝဝ နာရီမှ ၄:၀၀ နာရီထိ
📖သင်ကြားမည့်ပုံစံ : Online Zoom Training
📌လူအများနားလည်လွယ်အောင် မြန်မာဘာသာဖြင့်ပြုစုပြီးသင်ကြားမည့်သင်တန်း
သင်တန်းဝင်ခွင့်ဖောင်ဖြည့်ရန်
သင်တန်းကြေး : ၃၀,၀၀၀ ကျပ်
MFPEA အသင်းဝင်များအတွက် Discount : ၂၅,၀၀၀ ကျပ်
သင်တန်းကြေးကို Online ငွေလွှဲဝန်ဆောင်မှုများဖြင့်ပေးသွင်းနိုင်ပါတယ်။
KBZ Pay: 09-263213270 ကိုလွယ်ကူစွာပေးသွင်းနိုင်မှာဖြစ်ပါတယ်။
သင်တန်းအပ်နှံရန်အတွက် ၂၃-၂-၂၀၂၃ ရက်နေ့နောက်ဆုံးထားလက်ခံပေးသွားပါမည်။
🔖အသိအမှတ်ပြုလက်မှတ်ကိုဘယ်လိုပေးအပ်မလဲ?
• သင်တန်းကိုအချိန်ပြည့်တက်ရောက်လျှင်အသိအမှတ်ပြုလက်မှတ်ပေးအပ်မည်ဖြစ်ပါသည်။
👩🏼‍🏫သင်ကြားပေးမည့်သူက?
• ပါမောက္ခဒေါက်တာရီရီမြင့် ဌာနမှူး( အငြိမ်းစား )၊ ကုန်ထုတ်ဓာတုဗေဒဌာန၊ ရတနာပုံတက္ကသိုလ်
• ပါရဂူသင်တန်းကြီးကြပ်ရေးကော်မတီဝင်၊ ရန်ကုန်တက္ကသိုလ်
• ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ အစာအဟာရဆိုင်ရာသိပ္ပံနှင့်နည်းပညာအသင်း
• စားသောက်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအကြံပေးကော်မတီဝင်၊ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း
☎️ဖုန်းနံပါတ်: 09-887805900,09-887805901,09-263213270 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Gallery
Tags: